ဆီးရွှင်အောင် စားပေးသင့်တာလေးတွေ
ဆီးကျဉ်တာ၊ ဆီးသွားရင်ပူတာတွေ မဖြစ်စေဖို့နဲ့ ဆီးလမ်းကြောင်းပိုးဝင်တာတွေ သက်သာစေဖို့အတွက် ဆီးရွှင်စေတာကလည်း နည်းလမ်း ကောင်းတစ်ခုပါ။ ဆီးသွားနည်းတာက ဆီးပိုးပေါက်စေပြီး ဆီးကျောက်တည်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးပြဿနာ ကင်းဝေးစေဖို့အတွက် ဆီးရွှင်အောင် ဘာတွေစားရမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။
ဆီးရွှင်စေဖို့အတွက် တစ်နေ့တာ စားသုံးမှုမှာ အသီးအရွက်တွေ သစ်သီးတွေ ပါဝင်အောင် စားသုံးပေးဖို့ လိုပါမယ်။ ဒီလို စားသုံးပေးတာက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို ဆီးရွှင်စေဖို့လည်း ထောက်ကူပေးပါတယ်။ နောက်တစ်ခုကတော့ ရေများများ သောက်ပေးရမှာပါ။ ဒါမှမဟုတ်လည်း ရေဓာတ်ကြွယ်ဝတဲ့ စားစရာတွေကို စားပေးတာမျိုး ပါ။ ဒီလို စားသုံးပေးတာက ဆီးရွှင်စေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
အုန်းရည်
အုန်းရည်က ဆီးရွှင်စေနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်ဆားဓာတ်တွေ သတ္တုဓာတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးရွှင်စေချင်တယ်ဆိုရင် အုန်းစိမ်းရည် သောက်ပေးလို့ ရပါတယ်။
သစ်တော်သီး
သစ်တော်သီးက အရည်ရွှမ်းသလို ဆီးလမ်းကြောင်း ကျန်းမာစေဖို့ရော ဆီးအိမ် ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။ ဒါကြောင့် ဆီးရွှင်စေချင်တယ်ဆိုရင် တစ်နေ့ကို သစ်တော်သီး တစ်လုံးလောက် စားပေးလို့ ရပါတယ်။
အဆီနည်းတဲ့ ပရိုတင်း
အဆီနည်းတဲ့ ပရိုတင်း ကလည်း ဆီးရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးအိမ်လေး ကျန်းမာစေပြီး ဆီးရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ (ဥပမာ - အဆီထုတ် ဒိန်ချဉ်၊ ပဲစိမ်းဆောင့်၊ ကြက်ဆင်သား၊ ကြက်သား စတာတွေကို စားပေးလို့ ရပါတယ်)
ဂျုံကြမ်းပေါင်မုန့်
ဂျုံကြမ်း ပေါင်မုန့်မှာ ဇင့်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ဆီးရွှင်စေဖို့ ထောက်ကူပေးမှာပါ။
သစ်သီးဖျော်ရည်တွေ
သဘာဝ အသီးတွေကိုဖျော်ထားတဲ့ သစ်သီးဖျော်ရည်တွေ သောက်ပေးတာက ဆီးရွှင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ကန်စွန်းဥ
ကန်စွန်းဥကလည်း ဆီးရွှင်စေနိုင်တဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် ဆီးရွှင်စေဖို့ စားပေးလို့ ရပါတယ်။
သခွားသီး
အရည်ရွှမ်းပြီး ရေဓာတ်များစွာ ပါဝင်နေတဲ့ သခွားသီးကလည်း ဆီးရွှင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
မုန်လာဥဖြူ
ရေဓာတ်ရော အမျှင်ဓာတ်ပါ ကြွယ်ဝတဲ့ မုန်လာဥဖြူကလည်း ဆီးရွှင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဖရဲသီး
ဖရဲသီး အနီပဲစားစား၊ အဝါပဲစားစား ဆီးရွှင်စေမှာတော့ အသေအချာပါ။ ဒါကြောင့် ဆီးရွှင်ချင်တယ်ဆိုရင် ဖရဲသီးစားပေးပါ။
လက်ဖက်စိမ်း ရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်ပေးတာကလည်း ဆီးရွှင်စေဖို့ ထောက်ကူပေးပါတယ်။
မွန်မွန်